Thursday, September 13, 2007

Introduction

အမှန်တရားဆိုတာ လောကကြီးအတွက် မရှိမဖြစ်တဲ့ ဝေါဟာရတစ်ခုပါ။ ဒါကို သိတဲ့သူတွေဟာ လောကကြီးရဲ့ မျက်နှာသာပေးမှုကို ခံစားကြရပြီး မျက်လုံးကို စုံမှိတ်ပြီး ခေါင်းတခါခါနဲ့ ငြင်းဆန်နေကြတဲ့ သူတွေကိုတော့ လော ကကြီးက ပြင်းထန်စွာ ဒဏ်ခတ်လေ့ရှိတယ်လို့ ပြင်သစ် နာမည်ကျော်အတွေးခေါ်ပညာရှင်ကြီး St.Albtovier Rista က ရဲရင့်ပွင့်လင်းစွာ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် အမှန်တရားကို လူတိုင်း သဘော ကျကြမှာမှန်ပေမယ့် တစ်ချို့ ကိစ္စတွေမှာ အမှန်တရားကို အတင်း ဖုံးကွယ်ထားတာတွေရှိနေကြပါတယ်။ ဒါကြောင့် အမှန်တရားဆိုသောအရာ ကိုသာ လူတွေလက်ခံ ယုံကြည်လာကြမယ်ဆိုရင် လောကကြီးက ဘယ်သူ့ ကိုမှ ဒုက္ခပေးလို့မရတော့ပါဘူး။